ဝတ်ပြုရာကျမ်း 22:25
ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
26တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
Cross References
Leviticus 21:6သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။
Leviticus 21:21ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ -
Numbers 16:40ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
Malachi 1:7ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရ ဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။
Ephesians 2:12ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့။