ဝတ်ပြုရာကျမ်း 22:4
နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 2:3ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဘို့ ဖြစ်ရမည်။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
Leviticus 6:25သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
Leviticus 11:39သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။
Leviticus 13:44ထိုသူသည် မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌ အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည်။
Leviticus 14:2နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသော တရားဟူမူကား၊-
Leviticus 15:13ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကို လျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။