ဝတ်ပြုရာကျမ်း 23:20
ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
19အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို၎င်း ပူဇော်၍၊-
Cross References
Leviticus 7:29မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။
Leviticus 10:14ချီလွှဲသောရင်ပတ်၊ ချီမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ် သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
Numbers 18:8တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့်သင်၏သားတို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး၏။
Luke 2:14ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။
Ephesians 2:14အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။