ဝတ်ပြုရာကျမ်း 23:29
ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
1835 Judson Burmese Bible
In The King James Version
In Context
30ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည်။-
Cross References
Exodus 30:33ထိုဆီနှင့်တူအောင် ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
Leviticus 7:21အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
Leviticus 23:32ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။
Isaiah 22:12ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်း အလို ငှါ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
Ezekiel 7:16သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်။