ဝတ်ပြုရာကျမ်း 24:20
အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို၎င်း၊ မျက်စိကိုဖျက်သည့်အတွက်၊ မျက်စိဖျက်ခြင်းကို၎င်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကို၎င်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင် စွာ ခံရမည်။-
1835 Judson Burmese Bible
In The King James Version
In Context
19လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။
Cross References
Exodus 21:23အခြားသော အနာဖြစ်လျှင်၊ အသက်အတွက် အသက်ကို၎င်း၊
Judges 1:7အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါ ပြုဘူးသည်အတိုင်း၊ ဘုရားသခင် သည် ငါ၌ အပြစ်ပေးတော်မူပြီဟု ဆို၏။ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့၍ သူသည် ထိုမြို့မှာ သေလေ၏။