ဝတ်ပြုရာကျမ်း 25:10
ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်း မိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
9သတ္တမလ ဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည်။
Cross References
Exodus 20:2ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
Leviticus 25:26ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊-
Leviticus 25:41ထိုအခါ သူသည် သားသမီးနှင့်တကွ ထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။
Leviticus 27:22လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-
Numbers 36:4ဣသရေလအမျိုးသား တို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏ အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
Psalms 146:7ညှဉ်းဆဲခြင်းကိုခံရသော သူတို့အား တရားပြု တော်မူ၏။ ငတ်မွတ်သော သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏။