ဝတ်ပြုရာကျမ်း 26:20
သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 4:12ယခုမှစ၍ မြေ၌လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Deuteronomy 11:17သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
Deuteronomy 28:38သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။
1 Kings 18:2ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား၏။ ထိုအခါ ရှမာရိမြို့၌ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
Psalms 107:34မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့ ၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။
Isaiah 17:11ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျင် အမြန် အပွင့်ပွင့်စေခြင်းငှါ၎င်းပြုပြီးမှ၊ သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး၍၊ သင်သည် မပျောက်နိုင် သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။