ဝတ်ပြုရာကျမ်း 26:33
သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 4:27ထာဝရဘုရားသည်လည်း၊ သင်တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော် မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည်။
1 Kings 8:46မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊
Nehemiah 1:3သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။
Psalms 44:11ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ၏။
Psalms 106:27သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ၎င်း၊ သူတို့တဘက်၌ ကျိန်ဆိုတော်မူ၏။
Jeremiah 4:7ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲ ရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာ အရပ်ဖြစ်စေခြင်းငှါ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏ မြို့တို့ သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့် မည်။