ဝတ်ပြုရာကျမ်း 26:44
သို့ရာတွင် ရန်သူပြည်၌ နေကြသောအခါ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ ဘုရားခင်ထာဝရဘုရား ဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 4:29သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။
Nehemiah 9:17သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။
Psalms 89:33သို့သော်လည်း၊ ငါ၏ကရုဏာကိုသူမှ ငါမနှုတ် မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။
Psalms 103:13အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ၏။
Jeremiah 24:5ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်း သွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်း သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။
Jeremiah 31:20ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။