ဝတ်ပြုရာကျမ်း 27:3
သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
4မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။
Cross References
Exodus 30:13ရေတွက်၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။
Leviticus 5:15တစုံတယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသော အပြစ်မပါသော သိုးထီးကို ၎င်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။
Leviticus 27:14လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။
Numbers 3:47အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
2 Kings 12:4ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊