ဝတ်ပြုရာကျမ်း 3:16
ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 29:13အအူကို ဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
Leviticus 3:3အအူကို ဖုံးသောဆီဥ၊ -
Leviticus 3:14အအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊-
Leviticus 4:26မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
Leviticus 7:23သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊
Leviticus 9:24ထာဝရဘုရားတော်ထံမှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။