ဝတ်ပြုရာကျမ်း 4:27
ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား၍၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 4:2တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သော အမှုကိုပြု မိသည် အရာတွင်၊-
Leviticus 5:17တစုံတယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု၍ ပြစ်မှား မိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ -
Numbers 15:16သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
Numbers 15:27လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
Psalms 19:13ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
Ezekiel 45:20ထိုမှတပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။