ဝတ်ပြုရာကျမ်း 7:1
ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
1835 Judson Burmese Bible
In The King James Version
Likewise this is the law of the trespass offering: it is most holy.
In Context
Cross References
Leviticus 5:1တစုံတယောက်သောသူသည် အမှုကို မြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသော စကားကို ကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိ ဒုစရိုက် အပြစ်ကို ခံရသော်၎င်း၊
Leviticus 5:8ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။
Leviticus 5:14တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
Leviticus 6:25သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
Leviticus 19:21ယောက်ျားသည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်။
Numbers 6:12အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည်။