ဝတ်ပြုရာကျမ်း 7:18
မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
17ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။
Cross References
Leviticus 5:17တစုံတယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု၍ ပြစ်မှား မိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ -
Leviticus 10:19အာရုန်က၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင်၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
Leviticus 11:41မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။
Leviticus 19:5မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။
Leviticus 20:17ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
Leviticus 22:16ထိုအရာတို့ကို စားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။