ဝတ်ပြုရာကျမ်း 7:19
မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 19:11လူသေကောင်ကို ထိသောသူသည် ခုနစ်ရက် မစင်ကြယ်ဖြစ်လိမ့်မည်။
Acts 10:15နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင် နှင့်ဟု လာပြန်၏။
Romans 14:14အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို၊ ငါသည်သခင်ယေရှုကို အမှီပြုလျက်သဘော ကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင်၏။ ထိုသူ၌ ညစ်ညူး၏။
2 Corinthians 6:17ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။