ဝတ်ပြုရာကျမ်း 7:34
ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
33မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။
Cross References
Exodus 29:9ခါးပန်းကိုလည်း စည်း၍၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင်။ သူတို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင်ရမည်။ ထိုသို့ အာရုန်နှင့် သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့်ထားရမည်။
Leviticus 3:17သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
Leviticus 10:14ချီလွှဲသောရင်ပတ်၊ ချီမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ် သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
Numbers 18:18အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။