ဝတ်ပြုရာကျမ်း 8:4
မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
3ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
5မောရှေကလည်း၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက်၊
Cross References
Exodus 39:5ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။
Exodus 39:21ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့် တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသော ရင်စည်းအပေါ်မှာ ဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။
Exodus 39:29ချယ်လှယ်သော ပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်း လုပ်လေ၏။
Exodus 39:42ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ၏။
Leviticus 8:13အာရုန်၏သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလျက်၊ ဦးထုပ်ကို ဆောင်းစေလေ၏။
Leviticus 8:29ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။