ဝတ်ပြုရာကျမ်း 9:3
ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ -
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 4:3ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ -
Leviticus 12:6သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ် ဘို့ အခါမလည်သော သိုးသငယ်တကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင်၊ သို့မဟုတ် ခိုတကောင်ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
Leviticus 16:5အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရမည်။
Leviticus 23:12ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
Ezra 10:19သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ၏။
Romans 8:3ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။