ဝတ်ပြုရာကျမ်း 9:7
အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ၍ ၎င်းဆိုလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
8အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ၏။
Cross References
Leviticus 4:3ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင် ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ -
Leviticus 8:34ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ။
Leviticus 16:6အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော်၍၊ မိမိအဘို့နှင့် မိမိအိမ်သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
Leviticus 16:24သန့်ရှင်းရာ ဌာန၌ ကိုယ်ကို ရေချိုး၍၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။
Hebrews 5:1လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။
Hebrews 7:27အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးတော်မူပြီ။