ရှင်လုကာခရစ်ဝင် 1:33
ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။
1835 Judson Burmese Bible
In The King James Version
And he shall reign over the house of Jacob for ever; and of his kingdom there shall be no end.
In Context
Cross References
2 Samuel 7:16သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
Psalms 89:35ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ။
Daniel 7:13ထိုညဉ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီး သော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။
Daniel 7:27ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီး အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။
Micah 4:7ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည်။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်။
Matthew 28:18ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။