ရှင်လုကာခရစ်ဝင် 1:72
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ၍၊ ငါတို့ကိုရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း ကယ်လွှတ်မည်အကြောင်း၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ။
1835 Judson Burmese Bible
In The King James Version
To perform the mercy promised to our fathers, and to remember his holy covenant;
In Context
Cross References
Genesis 12:3သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Genesis 22:18သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။
Genesis 28:14သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
1 Chronicles 16:16ငါသည်သင်တို့အမွေခံရာဘို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ ဂတိထား၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။
Psalms 105:8ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ၊
Psalms 111:5ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ၏။