ရှင်လုကာခရစ်ဝင် 10:28
ကိုယ်တော်ကလည်၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And he said unto him, Thou hast answered right: this do, and thou shalt live.
In Context
Read all of ရှင်လုကာခရစ်ဝင် 10
Cross References
Leviticus 18:5ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
Ezekiel 20:11ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်း ဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ၏။
Ezekiel 20:21သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေ ခြင်းငှါ၊ တောထဲမှာငါ၏ အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။
Mark 12:34ထိုသို့ ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံ တော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။
Romans 3:19ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။
Galatians 3:12ပညတ်တရားမူကား၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အား ဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။