ရှင်လုကာခရစ်ဝင် 12:49
မြေပေါ်၌ မီးလောင်စေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာရှိ၏။
1835 Judson Burmese Bible
In The King James Version
I am come to send fire on the earth; and what will I if it be already kindled?
In Context
50ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။
Read all of ရှင်လုကာခရစ်ဝင် 12
Cross References
Isaiah 11:4ဆင်းရဲသားတို့၏ အမှုကိုတရားတော် အတိုင်း စီရင်၍၊နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။
Malachi 3:2လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူ သောအခါ အဘယ်သူသည် ခံရလိမ့်မည်နည်း။ ထိုသခင် သည် ငွေစစ်သောသူ၏မီး၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။
Matthew 3:10သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသိးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။
Luke 12:51မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါ ငါလာ သည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသည်ဟု ငါဆို၏။
Luke 19:39လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊
John 11:8တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက် ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။