ရှင်လုကာခရစ်ဝင် 13:11
တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။
1835 Judson Burmese Bible
In The King James Version
In Context
10တနေ့သော ဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊
Read all of ရှင်လုကာခရစ်ဝင် 13
Cross References
Psalms 6:2အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။
Psalms 42:5အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့ သတည်း။
Psalms 146:8ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ ကို ကြွပင့်တော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ် သော သူတို့ကို ချစ်တော်မူ၏။
Mark 9:21ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။
Luke 8:27ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သင်္ချိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြု လေ၏။
Luke 13:16တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင် ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။