ရှင်လုကာခရစ်ဝင် 16:29
အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏ စကားကို နား ထောင်ကြစေဟုဆို၏။
1835 Judson Burmese Bible
In The King James Version
Abraham saith unto him, They have Moses and the prophets; let them hear them.
In Context
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Isaiah 34:16ထာဝရဘုရား၏ ကျမ်းစာကို ကြည့်ရှု၍ ဘတ် ကြလော့။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ၏။
Luke 4:17စရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကိုပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့ သောအချက်စကားဟူမူကား၊
Luke 24:27ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထား သမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။
John 5:47သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါစကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့ အား မိန့်တော်မူ၏။
Acts 17:11ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။
2 Peter 1:19ထိုမှတပါး၊ သာ၍မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ ဘာရုဏ် တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။