ရှင်လုကာခရစ်ဝင် 16:3
ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက်၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Proverbs 13:4ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
Proverbs 18:9အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
Proverbs 20:4ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။
Proverbs 24:30ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဉာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊
Proverbs 27:23သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။
Isaiah 10:3ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း။