ရှင်လုကာခရစ်ဝင် 16:7
ထိုနောက် အခြားသောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေးရန် သင်၌ အဘယ်မျှလောက်ရှိသနည်း ဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Song of Solomon 8:11ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။
Luke 20:12နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ၏။