ရှင်လုကာခရစ်ဝင် 18:29
ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။
1835 Judson Burmese Bible
In The King James Version
In Context
30ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။
Read all of ရှင်လုကာခရစ်ဝင် 18
Cross References
Matthew 10:37အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။
Mark 10:29ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။
Luke 14:26အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။