ရှင်လုကာခရစ်ဝင် 19:1
ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ ရှောက်သွားတော်မူ၏။
1835 Judson Burmese Bible
In The King James Version
And Jesus entered and passed through Jericho.
In Context
2ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။
Read all of ရှင်လုကာခရစ်ဝင် 19
Cross References
Joshua 2:1နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
1 Kings 16:34အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။
Luke 18:35ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစား လေ၏။