ရှင်လုကာခရစ်ဝင် 19:12
အမတ်တယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 19
Cross References
Matthew 25:14ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊
Mark 12:1ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူတို့ အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့သွားလေ၏။
Mark 16:19ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။
Luke 20:9ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။
John 18:37ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့် တော်မူ၏။
Acts 17:31အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။