ရှင်လုကာခရစ်ဝင် 2:12
သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့် ပတ်ရစ်၍ နွားစာ ခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
13ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊
Cross References
Exodus 3:12ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်း လက္ခဏာသက်သေဟူမူကား၊ သင်သည်ထို လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။
1 Samuel 10:2ယနေ့ ငါနှင့်ကွာ၍ သွားသောအခါ၊ ဗင်္ယာမိန်ခရိုင်စွန်း၊ ဇေလဇရွာ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က၊ သင်သွား၍ ရှာသောမြည်းတို့ကို တွေ့ပြီ။ သင်၏ အဘသည် မြည်းတို့ကို အမှုမထား၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည်။
2 Kings 20:8ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကို ပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာ သက်သေရှိသနည်းဟု မေးလျှင်၊
Isaiah 7:11နက်သောအရပ်၌ဖြစ်စေ၊ မြင့်သောအထက် အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊
Isaiah 53:1ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။