ရှင်လုကာခရစ်ဝင် 2:8
ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 31:39သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာ ခိုးသည် ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။
1 Samuel 17:34ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။
Ezekiel 34:8အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့်၊