ရှင်လုကာခရစ်ဝင် 20:13
ထိုအခါ ဥယျာဉ်ရှင်က၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့ သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
12နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ၏။
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Isaiah 5:4ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း။
Jeremiah 36:7သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက်၊ ထာဝရဘုရားအားပြပ်ဝပ်၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ၏ဟု ဗာရုတ်အားမှာထားလေ၏။
Hosea 11:8အိုဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင် မည်နည်း။ အိုဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင် မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင် မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာ သော စိတ်ရှိ၏။
Matthew 17:5ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ၏။
John 1:34ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
John 3:35ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ။