ရှင်လုကာခရစ်ဝင် 20:46
ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှါ အလိုရှိ ကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
45ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Matthew 16:6ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကိုသတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။
Mark 8:15ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏တဆေးကို၎င်း၊ ဟေရုဒ်၏တဆေးကို၎င်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။
Luke 11:43ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားစရပ်၌ မြင့်မြတ်သောနေရာ ထိုင် ရာကို၎င်း၊ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း နှစ်သက်ကြ၏။
Luke 14:7ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊
Philippians 2:3ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။
3 John 1:9အသင်းတော်ထံသို့မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။