ရှင်လုကာခရစ်ဝင် 22:70
ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ သားတော်မှန်သည်တကားဟု ဆိုကြလျှင်၊ သင်တို့ဆိုသည်အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
Then said they all, Art thou then the Son of God? And he said unto them, Ye say that I am.
In Context
69နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော်လက်ျာဘက်၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော်၊
71ထိုသူတို့ကလည်း၊ အဘယ်သက်သေလိုသေးသနည်း။ သူ၏စကားကို ငါတို့ကိုယ်တိုင် ကြားရပြီဟု ဆိုကြ၏။
Read all of ရှင်လုကာခရစ်ဝင် 22
Cross References
Psalms 2:12သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည်လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ၏။
Matthew 4:3ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
Matthew 27:11ယေရှုသည် မြို့ဝန်မင်းရှေ့သို့ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
Matthew 27:54ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင် အလွန် ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။
Mark 15:2ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
Luke 23:3ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။