ရှင်လုကာခရစ်ဝင် 23:43
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And Jesus said unto him, Verily I say unto thee, To day shalt thou be with me in paradise.
In Context
Read all of ရှင်လုကာခရစ်ဝင် 23
Cross References
Psalms 32:5တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
Isaiah 1:18ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
Isaiah 55:6တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
Micah 7:18အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း။
Luke 15:4သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။
Luke 19:10လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ၏။