ရှင်လုကာခရစ်ဝင် 4:22
ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
21ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြာသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော် မူ၏။
Cross References
Psalms 45:2ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ၏။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ၏။ ထိုကြောင့်ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ၏။
Proverbs 10:32ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ်၏။ မတရား သော သူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ၏။
Proverbs 25:11လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။
Song of Solomon 5:16နှုတ်တော်သည် အလွန်ချိုပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏။ ယေရုရှလင်မြို့သမီးတို့၊ ဤသူသည် ငါချစ်ရာသခင်၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း။
Matthew 13:54ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားစရပ်၌ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်း မောတွေဝေခြင်းရှိကြသဖြင့်၊ ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း အဘယ်မှာရသနည်း။
Luke 2:47သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကို၎င်း၊ စကားအဖြေကို၎င်း အံ့ဩကြ၏။