ရှင်လုကာခရစ်ဝင် 4:40
နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထို လူနာတို့ကို အထံတော်သို့ဆောင်ခဲ့၍၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ်၌လက်တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 4:23ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
Matthew 11:5မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာ စွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူ တို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရ ကြ၏။
Mark 1:32နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့်နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊
Mark 5:23သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။
Mark 6:55ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍ မည်သည့်အရပ်၌ ရှိတော်မူသည်ဟုကြားလျှင်၊ ထိုအရပ် သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။
Acts 5:15ပေတရုသည် လမ်း၌ရှောက်သွားစဉ်၊ အနာစွဲ သောသူတို့တွင် တယောက်ယောက်ကို သူ၏အရိပ် လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနား သို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာထားကြ၏။