ရှင်လုကာခရစ်ဝင် 4:42
မိုဃ်းလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူအများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊ မိမိတို့နေရာမှ ထွက်ကြွတော် မမူမည်အကြောင်း ဆီးတားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 14:13ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွ တော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။
Mark 1:45ထိုသူသည်ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြားကျော်စေ၏။ ထို့ ကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ။ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။
Luke 6:12ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပဌာနာပြုလျက် တညဉ့်နေတော်မူ၏။
Luke 24:29ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည်ဟူ၍ ကိုယ် တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။
John 4:40ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌နေတော်မူမည်ကြောင်း တောင်းပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။