ရှင်လုကာခရစ်ဝင် 9:42
သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
43လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။
Cross References
2 Kings 4:36ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူ လော့ဟု ဆို၏။
Mark 9:20ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုတ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။
Luke 7:15သေသောသူသည် ထိုင်၍စကားပြော၏၊ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ ၏။
Acts 9:41ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။