ရှင်လုကာခရစ်ဝင် 9:55
ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊
1835 Judson Burmese Bible
In The King James Version
But he turned, and rebuked them, and said, Ye know not what manner of spirit ye are of.
In Context
Cross References
1 Samuel 24:4ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
2 Samuel 19:22ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ၍၊
Job 26:4ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
Job 34:4ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ်၍တရား သဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့။
Job 42:6ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
Jeremiah 17:9စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။