မာလခိအနာဂတ္တိကျမ်း 2:14
အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့် အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက် ၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏ အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သော မယားဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Genesis 2:18ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
Judges 11:10ဂိလဒ်ပြည်သားအသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့ မပြုလျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။
Proverbs 2:17အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
Proverbs 5:20ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။
Ecclesiastes 9:9နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍ နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသော အကျိုးပေတည်း။
Isaiah 54:6စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင် မိန့်တော်မူ၏။