မာလခိအနာဂတ္တိကျမ်း 2:17
သင်တို့သည် ထာဝရဘုရား၏ နားတော်ငြီး သည်တိုင်အောင် စကားများကြ၏။ နားတော်ငြီးသည် တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော်၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော်၌ ကောင်း၏။ ထိုသို့သော သူတို့ကို နှစ်သက်တော်မူ၏ဟူ၍၎င်း၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Deuteronomy 32:4ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော် သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။
Job 34:5ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
Job 34:36ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။
Psalms 10:11ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ၏။
Psalms 95:9သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသော တောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
Isaiah 1:14ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။