မာလခိအနာဂတ္တိကျမ်း 2:5
ငါဖွဲ့သော အသက်ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်း ပဋိညာဉ်သည် ထိုအမျိုး၌ ရှိ၏။ ငါ့ကို ကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ ပေး၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Exodus 32:26တပ်တံခါးဝမှာ ရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။
Numbers 8:15ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည်။ သူတို့ကို စင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သော အကြောင်းဟူမူကား၊
Numbers 18:8တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့်သင်၏သားတို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး၏။
Deuteronomy 33:8လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊
Psalms 106:30ထိုအခါ ဖိနဟတ်သည် ထ၍တရားစီရင်သဖြင့်၊ ကာလနာသည် ငြိမ်းလေ၏။
Ezekiel 34:25သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။