မာလခိအနာဂတ္တိကျမ်း 3:11
ကိုက်စားတတ်သော အကောင်ကို သင်တို့ အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီး ရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
Jeremiah 8:13သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည်။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်း သီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Joel 1:7ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘော သဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက် လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။
Joel 2:20မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။
Amos 4:9လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
Habakkuk 3:17သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
Zechariah 8:12မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင် သည် အသီးကို၎င်း၊ မြေသည် မိမိစီးပွားကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်းရည်ကို၎င်း၊ ပေးရ လိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံး စုံတို့ကို ရတတ်စေခြင်းငှါ ငါပြုမည်။