မာလခိအနာဂတ္တိကျမ်း 3:15
မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသော သူဟူ၍ ငါတို့သည် ခေါ်ဝေါ်ကြ၏။ အကယ်စင်စစ် ဒုစ ရိုက်ကိုပြုသောသူတို့သည် အောင်တတ်ကြ၏။ အကယ် စင်စစ် ဘုရားသခင်ကို စုံစမ်းသော်လည်း ချမ်းသာရ တတ်ကြ၏ဟု သင်တို့သည် ပြောကြပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
Numbers 14:22ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤ တော၌ ထူးဆန်းသော တန်ခိုးတော်ကို၎င်း မြင်ရသော လူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ် တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊
Job 1:22ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။
Job 21:7လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
Job 22:23အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
Psalms 49:18ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ်၏။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ၏။
Psalms 73:12ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။