ရှင်မာကုခရစ်ဝင် 10:43
သင်တိုမူကား၊ ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံဖြစ်ရမည်။
1835 Judson Burmese Bible
In The King James Version
But so shall it not be among you: but whosoever will be great among you, shall be your minister:
In Context
44သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏စေခိုင်းရာ ကျွန်ဖြစ်ရမည်။
Read all of ရှင်မာကုခရစ်ဝင် 10
Cross References
Matthew 20:26အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
Mark 9:35ထိုအခါကိုယ်တော်သည် ထိုင်လျက် တကျိပ်နှစ်ပါးတို့ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည် သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။
Luke 14:11ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။
John 13:13သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။
Romans 12:2သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
Galatians 5:13ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။