ရှင်မာကုခရစ်ဝင် 12:28
ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား၍၊ ကိုယ်တော်သည် လျောက် ပတ်စွာ ပြန်ပြောတော်မူသည်ကိုသိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သော ပညတ်သည်သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 12
Cross References
Matthew 5:19ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အား လည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။
Matthew 22:34ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊
Luke 10:25တရံရောအခါ ကျမ်းတတ်တယောက်သည်ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊
Luke 20:39ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျှောက်ပတ်ပါ၏ဟု လျှောက် ကြ၏။