ရှင်မာကုခရစ်ဝင် 13:11
ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကို သင်တို့အလိုအလျောက် ပြော ကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 13
Cross References
Exodus 4:10မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
Isaiah 50:4ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။
Daniel 3:16ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ။
Matthew 10:19သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။
Luke 12:11သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူး၊ မင်းများရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန် ပြောရမည်ကို မစိုးရိမ်ကြနှင့်။
John 3:27ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။