ရှင်မာကုခရစ်ဝင် 14:55
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက် သေကို ရှာသော်လည်းမတွေ့ကြ။
1835 Judson Burmese Bible
In The King James Version
In Context
56လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
1 Kings 21:10သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။
Psalms 27:12မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့်။
Daniel 6:4ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊
Matthew 26:59ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည် အ ကြောင်းမမှန်သောသက်သေကို ရှာသော်လည်းမတွေ့ကြ။
Acts 6:11ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရား သခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊
1 Peter 3:16ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသော သူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ၊ ကိုယ်တိုင်ရှက်ကြောက်ခြင်းမရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့။